အောင်ပန်း Service application အကြောင်း
အောင်ပန်း service apk သည် အောင်ပန်းမြို့သီးသန့် ကြော်ငြာဝန်ဆောင်မှုပေးသော apk ဖြစ်ပါသည်။
အောင်ပန်းမြို့အတွင်း စီးပွားရေးလုပ်ငန်းများအားတစ်စုတစ်စည်းထဲကြော်ငြာဖော်ပြပေးထားပါသောကြောင့် အောင်ပန်းသူအောင်ပန်းသားများလိုအပ်လျက်ရှိသောနေ့စဥ်လူမှုဘဝ ဝန်ဆောင်မှုများကို လွယ်လင့်တကူရှာဖွေသိရှိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အောင်ပန်း Service apk ၏
အိိမ်ခြံမြေဝယ်ရန် ကဏ္ဍတွင်
အိမ်ခြံမြေရောင်းချလိုသူများ၏ အိမ်ခြံမြေ အတိုင်းအတာ၊ ပိုင်ဆိုင်မှုအထောက်အထား၊
နေရာဒေသ၊ ညှိနှိုင်းစျေးနှုန်း များအပြင် ပိုင်ရှင်တိုက်ရိုက် ဆက်သွယ်နိုင်ရန် ဖော်ပြပေးထားသောကြောင့် ကြားပွဲစားမလိုဘဲမိမိစိတ်တိုင်းကျ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက်တွေ့ဆုံအရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။
အိမ်ခန်းအငှား ကဏ္ဍတွင်
အိမ်ခန်းငှားလိုသူများ၏ အိမ်ခန်း အတိုင်းအတာ၊ နေရာဒေသ၊ ညှိနှိုင်းစျေးနှုန်း များအပြင် ပိုင်ရှင်တိုက်ရိုက် ဆက်သွယ်နိုင်ရန် ဖော်ပြပေးထားသောကြောင့် ကြားပွဲစားမလိုဘဲမိမိစိတ်တိုင်းကျ ရှာဖွေငှားရမ်းနိုင်မည်ဖြစ်ပါသည်။
ဆိုင်ခန်းအငှား ကဏ္ဍတွင်
ဆိုင်ခန်းငှားလိုသူများ၏ ဆိုင်ခန်း အတိုင်းအတာ၊ နေရာဒေသ၊ ညှိနှိုင်းစျေးနှုန်း များအပြင် ပိုင်ရှင်တိုက်ရိုက် ဆက်သွယ်နိုင်ရန် ဖော်ပြပေးထားသောကြောင့် ကြားပွဲစားမလိုဘဲမိမိစိတ်တိုင်းကျ ရှာဖွေငှားရမ်းနိုင်မည်ဖြစ်ပါသည်။
ကားအငှား ကဏ္ဍတွင်
ကားအငှားလိုက်သူများ၏ ဖုန်းနံပါတ် ကားအမျိုးအစား၊ ယာဥ်မောင်းအမည်၊ နေရပ်ဒေသ၊ အပြင် ပိုင်ရှင်တိုက်ရိုက်ဆက်သွယ်နိုင်ရန်ဖော်ပြပေးထားသောကြောင့် အရေးပေါ်လိုနေချိန်ဖြစ်ေစ၊ ခရီးဝေးခရီးနီး သွားရန်လိုအပ်လျှင်ဖြစ်စေ အလွယ်တကူဆက်သွယ် စုံစမ်းငှားရမ်းနိုင်မည်ဖြစ်ပါသည်။
လိုင်းကား ကဏ္ဍတွင်
ယာဥ်လိုင်းအမည်
ထွက်ခွာရာအရပ်
ဆိုက်ရောက်ရာအရပ်
လက် မှတ်နှုန်းထားများ
ကားရောက်ရှိနိုင်သည့်ဒေသ
ယာဥ်လိုင်းလိပ်စာ
ဆက်သွယ်ရန်ဖုန်းနံပါတ်များဖော်ပြပေးထားသောကြောင့် ခရီးသွားလိုသူများ ကုန်စည်ပို့ဆောင်လိုသူများ အလွယ်တကူဆက်သွယ်စုံစမ်းနိုင်ပါသည်။
အလုပ်အကိုင်ခေါ်ဆိုမှု ကဏ္ဍတွင်
အောင်ပန်းမြို့အတွင်း အလုပ်အကိုင်လိုအပ်ချက် များအား ဖြည့်ဆည်းပေးနိုင်ရန်နှင့် အလုပ်အကိုင်ရှာဖွေနေသူများ စိတ်တိုင်းကျ ရှာဖွေနိုင်ရန်
အလုပ်အကိုင်အမျိုးအစား
နေရာဒေသ
အခြေခံလစာ
ကျား/မ
အလုပ်ချိန်အပြင်
ပိုင်ရှင်တိုက်ရိုက် ဆက်သွယ်နိုင်ရန်ဖော်ပြပေးထားသောကြောင့် အောင်ပန်းတစ်မြို့လုံးပတ်ပြီး အလုပ်အကိုင်ရှာဖွေရန် ခက်ခက်ခဲခဲစုံစမ်းေနစရာမလိုပဲ အလုပ်ခေါ်ရာနေရာအား အလွယ်တကူသိရှိနိုင်မည်ဖြစ်ပါသည်။